facebook tracking image
​YES! “FINANCIAL PLANNING” is IMPORTANT for Everyone!!!!
Personal Development

​YES! “FINANCIAL PLANNING” is IMPORTANT for Everyone!!!!

လူတိုင်းအတွက် Financial Planning ဆိုတာအရေးကြီးပါတယ်။

ရုတ်တရက်ငွေရေးကြေးရေးအခက်အခဲကြုံလာရင်ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စဉ်းစားဖူးကြလား? ဥပမာ- မမျှော်လင့်ထားဘဲအလုပ်ပြုတ်သွားတာမျိုး၊ ကျန်းမာရေးကြောင့်ဆေးရုံတက်ရမှာမျိုး၊ သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ငွေအသုံးပြုစရာပေါ်လာမှာမျိုးပေါ့။ အမှန်တော့ဘယ်အရာမဆို ဖြစ်လာမှဖြေရှင်းတာမျိုးထက် ကြိုတင် Plan ချထားတာအကောင်းဆုံးပါပဲ။ ဒါကြောင့်အလွယ်ကူဆုံး Financial Planning လေးလုပ်ဖို့ နည်းလမ်းလေး Share ပေးပါရစေနော်။

1. ကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေကို အရင်ဆုံးသိအောင်လုပ်မယ်။
ဆိုကြပါစို့.. ကိုယ်ကတစ်လကို ၅သိန်းဝင်ရင် ၁၀သိန်းသုံးလို့မရဘူးဆိုတာလေး အရင်ဆုံး ကိုယ့်ကိုယ်ကို သတိပြုမိဖို့လိုအပ်ပါတယ်။ အဲ့လိုဆိုပြီး ၅သိန်းဝင်လို့ ၅သိန်းလုံး သုံးလိုက်မယ်ဆိုလည်း တကယ်အရေးကြီးအသုံးလိုတဲ့အချိန်ဆို ဒုက္ခရောက်ပါမယ်နော်။ ဒီ့အတွက် ကိုယ့်ဝင်ငွေနဲ့ထွက်ငွေကို သေချာချိန်ဆထားဖို့ လိုအပ်ပါမယ်။

Tips: စာရင်းစာအုပ်လေးထားမယ်ဆိုပိုပြီး မြင်သာအောင်တွက်ချက်နိုင်ပါ့မယ်။ ကိုယ့်ဝင်ငွေ ထွက်ငွေကို ချိန်ဆဖို့အပြင် ကိုယ့် Budget Target လေးတွေရှိတယ်ဆို Reminder လေးလုပ်ထားလို့ရတဲ့ အသုံးဝင်တဲ့ Spendee ဆိုတဲ့App လေးလည်း Share ပေးမယ်နော်။ Gmail နဲ့ပါချိတ်ထားလို့ရလို့ အဆင်အရမ်းပြေပါတယ်။
For IOS user: https://apps.apple.com/us/app/spendee-budget-money-tracker/id635861140
For Android user: https://play.google.com/store/apps/details?id=com.cleevio.spendee&hl=en_SG&gl=US

2. လက်တွေ့ကျတဲ့ Goals လေးတွေသတ်မှတ်မယ်။
ကိုယ့်ဝင်ငွေကို သိပြီဆိုရင် နောက်ထပ်အသေးစိတ် ကိုယ်ဘယ်နေရာတွေမှာငွေသုံးချင်တာလဲဆိုတာမျိုး သိဖို့လိုပါတယ်။ ဥပမာ - ခရီးသွားဖို့အတွက်၊ ကျန်းမာရေးအတွက်၊ အဝတ်အစားဝတ်ဖို့အတွက်၊ အစားအသောက်အတွက်အစရှိသဖြင့် ခွဲထားသင့်ပါတယ်။ အဲ့လိုသတ်မှတ်တဲ့နေရာမှာလည်း သုံးသင့်တဲ့နေရာနဲ့ သုံးချင်တဲ့နေရာကို သေသေချာချာ ခွဲပြီးသိထားဖို့လိုအပ်ပါတယ်။ ဒါမှ ဝင်ငွေက မျှော်လင့်ထားတာထက် အပိုဝင်လာရင် ဘယ်နေရာမှာ ပိုသုံးသင့်မလဲသိမှာပါ။

3. ရေရှည်အတွက် ကြည့်ပါ။
ရေရှည်အတွက်ဆိုတဲ့နေရာမှာ မမျှော်လင့်ထားတဲ့ အခြေအနေမျိုးပေါ်လာရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြိုစဉ်းစားထားဖို့ လိုမယ်နော်။ အရေးပေါ်ဖြစ်လာမယ့်အခြေအနေအတွက်ကိုယ့်ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းကို လတိုင်းစုဆောင်းထားမယ်ဆိုရင်တော့ လက်တွေ့မှာအရမ်းအသုံးဝင်လာပါလိမ့်မယ်။

4. ဘယ်နေရာမှာစုဆောင်းထားမှာလဲ။
ကိုယ်စုဆောင်းထားတဲ့ငွေတွေကိုတစ်နေရာတည်းမှာ သိမ်းထားတာမျိုးကို မလုပ်စေချင်ပါဘူး။
ဥပမာ- ဘဏ်မှာပဲသိမ်းထားတာမျိုးဆို အရေးကြုံလို့ ကိုယ်အသုံးလိုပြီဆို ဘဏ်ကထုတ်မရတာမျိူးရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့စုဆောင်းငွေတွေကို သင့်တော်တာလောက်ကိုဘဏ်မှာလည်းအပ်ထားမယ်ဆို၊ တခြားAmount တစ်ချို့ကိုကိုယ့်လက်ထဲမှာလုံခြုံတဲ့နေရာမှာသိမ်းထားတာမျိူးလုပ်သင့်ပါတယ်။ တခြားအကြံပေးရမယ်ဆို စုဆောင်းထားပြီးသားကိုယ့်ငွေရင်းကို အရင်းအနှီးလုပ်ပြီးတိုးပွါးလာအောင် ရွှေဝယ်စုဆောင်းတာမျိုးလေးတွေလုပ်လည်း မမှားပါဘူး။ (ဒီအခြေအနေကတော့ ကိုယ့်ရွေးချယ်မှုနဲ့ပဲဆိုင်ပါလိမ့်မယ်)

5. ကိုယ်ဟာငွေကိုကြိုတင်သုံးစွဲတတ်တယ်ဆို ဂရုပြုပါ။
သင်ဟာ မဖြစ်မနေအခြေအနေမျိုးမဟုတ်ဘဲ ငွေကို ကြိုတင်သုံးစွဲထားတတ်တဲ့သူဆို အဲ့ဒီအကျင့်ကိုဖျောက်စေချင်ပါတယ်။
အထူးသဖြင့် Credit Card ကိုသုံးနေတဲ့သူဆို သတိပြုဖို့လိုအပ်မယ့် Step လေးပါ။ ကိုယ့်မှာ ဘယ်အချိန်ဘယ်လိုအခြေအနေရှိနိုင်တယ်ဆိုတဲ့အရာဟာ ဘယ်သူမှမသိထားတဲ့အတွက် ငွေကိုကြိုတင်သုံးစွဲထားမိမယ်ဆို ကိုယ်ပြန်ပေးရမယ့်အချိန်ကြရင် အချိန်မှီပြန်မပေးဆပ်နိုင်ရင် ဒုက္ခရောက်နိုင်ပါတယ်။ ဆိုရိုးလေးတစ်ခုရှိပါတယ် “အကြွေးအမှီကင်းတဲ့သူဟာ လူချမ်းသာပါပဲ”

ဒီလောက်ဆိုရင်တော့ Financial Planning လုပ်ချင်ပေမဲ့ ဘယ်လိုစတင်ရမလဲမသိတဲ့သူတွေအတွက်အထောက်အကူအများကြီးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။